15 August 2009

ကွာခြားချက်

ဆင်းရဲသားတွေ ဝက်မွေးတယ်၊ လူကုံထံတွေကျတော့ ခွေးမွေးတယ်။

ဆင်းရဲသားတွေ အိမ်မှာ ဟင်းသီးဟင်းရွက် စားတယ်၊လူကုံထံတွေ ဟိုတယ်တက်ပြီး ဟင်းသီးဟင်းရွက် စားတယ်။

ဆင်းရဲသားတွေ လမ်းပေါ်မှာ စက်ဘီးစီးတယ်၊ လူကုံထံတွေ ဧည့်ခန်းထဲမှာ စက်ဘီးစီးတယ်။

ဆင်းရဲတုန်း မင်္ဂလာဆောင်ချင်တယ်၊ ချမ်းသာတော့ လင်မယားတွေ ကွဲချင်တယ်။

ဆင်းရဲတုန်း မယားက secretaryတာဝန်တွဲယူရတယ်၊ ချမ်းသာတော့ secretary က မယား တာဝန် တွဲယူရတယ်။

ဆင်းရဲတုန်း ချမ်းသာချင် ယောင်ဆောင်တယ်၊ ချမ်းသာတော့ ဆင်းရဲ ချင်ယောင် ဆောင်တယ်။

ဒီခေတ်ကြီးမှာ...ဆင်းရဲသားတွေ အသားစားတယ်၊ လူကုံထံတွေ ပုစွန်စားတယ်၊  ပါတီ ခေါင်းဆောင်တွေ ကျတော့ အလကား ရတာမှန်သမျှ စားတယ်။

ယောက်ျားတွေမြင့်ချင်တယ်၊ မိန်းမတွေပိန်ချင်တယ်။

ခွေးတွေ အင်္ကျီဝတ်ကုန်ပြီး လူတွေကျတော့ ကိုယ်ပေါ်က အသားတွေ ပေါ်နိုင်သလောက် ဖော်ကြချွတ်ကြတယ်။

02 August 2009

Burma (သို့) ဖာမ

ထိုင်းလူမျိုးက မြန်မာတယောက်ကို ဘာလူမျိုးလဲ မေးရင် Myanmarပါလို့ ပြောရင် ပညာတတ် လူနည်းစု(တကယ့်နည်းနည်း) ၁%လောက်ဘဲသိတယ်။ မြန်မာကို ဖာမလို့ ပြောရင်တော့ ၁၀၀% သိကြတယ်။ Burmaကို သူတို့နားထဲမှာ ကြားတဲ့အသံထွက်က ဖာမ ကြားနေလို့ပါ။ ဒါကို ယိုးဒယား ရောက်ဖူးတဲ့ လူတိုင်းနီးပါ သိကြမှာပါ။

Thailand contains more than 30 ethnic groups varying in history, language, religion, appearance, and patterns of livelihood.

သူတို့မှာလည်း လူမျိုးခွဲတွေ များတာဘဲ၊ ဒါပေမယ့် သူတို့လူမျိုးအားလုံးက ထိုင်းလူမျိုး (ကွန်းထိုင်း)ပါလို့ ဂုဏ်ယူစွာ ခံယူပြောတတ်ကြတယ်။ ထိုင်းလူမျိုးကြီးတွေက စည်းရုံးရေး ကောင်းကြတယ်လို့ ပြောရမှာဘဲ။

မြန်မာပြည်မှာ ကတော့ ဗမာတွေက လူမျိုးစု ပေါင်းစုံကို အုပ်ချုပ်လာတာ လွတ်လပ်ရေး ရကတည်းကပါ၊ ယခုအချိန်ထိ ဗမာစကား၊ ဗမာစာ မတတ်တဲ့ တိုင်းရင်းသား တွေအများကြီး ရှိနေသလို၊ နိုင်ငံခြားရောက်လို့ မင်းတို့ ဘာလူမျိုးလဲလို့ အခြားနိုင်ငံသား တွေမေးလာရင် လည်း မြန်မာလူမျိုးပါလို့ တိုင်းရင်းသားအာလုံးနည်းပါးက ပြောဖို့ဝန်လေးပါ တယ်။ မြန်မာအ စား သူ့တို့ရဲ့ တိုင်းရင်းသား လူမျိုးကိုဘဲ ပြောတာများတယ်။ အဲဒီလောက် မြန်မာကို ချစ်တာ။

ဒါတွေက ဘာကိုပြလဲဆိုရင် ဗမာ အစိုးရဘဲပြောပြော၊ စစ် အစိုးရဘဲဆိုဆို တိုင်းရင်းသား တွေကို စည်းရုံးနိုင်မှုညံ့ခဲ့တာလို့ ကျနော်ထင်တယ်။ မြန်မာလူမျိုးဖြစ် ရတာကိုဘဲ လူစဉ်မမီ တယ်လို့ တိုင်းရင်းသား အများစုက ခံစားနေရတာဖြစ်နေလို့ပေါ့။

ဗမာက ဗမာလူမျိုးကိုမချစ်တာ တိုင်းရင်းသားတွေက ဗမာကိုယုံဖို့ ကတော့ မနည်းစည်းရုံး ရလိမ့် မယ်လို့ ကျနော့်ရဲ့ ၀ါးလုံးခေါင်ထဲက အမြင်ကို ပြောကြည့်တာပါ။



Technorati Tags:

Trainer Piano


Followers

 

mixmaxmyanmar. Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Blogger Template by Bloganol dot com